The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
The Irrawaddy Newscast - Burmese Edition
သွေးနဲ့ခင်းတဲ့ ရွေးကောက်ပွဲ
•
The Irrawaddy
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရသူ ဦးနေဘုန်းလတ်က အာဏာသိမ်းစစ်အုပ်စုက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဘာကြောင့်ဆန့်ကျင်ရသလဲ၊ စစ်အုပ်စုထိန်းချုပ်ခံ နယ်မြေမှာ ရှိတဲ့ မဲဆန္ဒရှင်တွေ ဘယ်လိုဆန့်ကျင်သင့်လဲ၊ ရွေးကောက်ပွဲဆန့်ကျင်မှုက ဘယ်လိုအရာရောက်သလဲ၊ အာဆီယံကို ဘယ်လောက်မျှော်လင့်နိုင်မလဲ၊ တရုတ်နဲ့ ရုရှားအပေါ် ဘယ်လိုသဘောထားလဲတို့ကို ဆွေးနွေးပြောဆိုထားပါတယ်။